တရုတ်ပြည်နှင့် ကျားမ ဦးရေအချိုး
“တရုတ်ပြည်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက် ဥပဒေကြောင့် အမျိုးသမီးအရေအတွက် နည်းလာမယ်။ နောင် ၁၀ -၂၀ နှစ်လေက်အကြာမှာ ယောကျာင်္တွေမှာ အိမ်ထောင်ပြုဖို့ အရေး ရင်လေး နေရလိမ့်မယ်” လို့  လွန်ခဲ့သော ငါးနှစ်ခန့် က ရန်ကုန် စီးပွားရေး တက္ကသိုလ်က ဆရာတစ်ယောက် ပြောခဲ့ဖူးတယ်။
အဲဒီတုန်းက ဟုတ်သလိုလိုရှိသားပဲလို့  မှတ်ထားလိုက်မိတယ်။
တရုတ်ပြည်မှာ တဖြည်းဖြည်း များပြားလာတဲ့ လူဦးရေကို ထိန်းသိမ်းနိုင်ဖို့  1978 စပြီး one child policy (အိမ်ထောင်တစ်ခုသည် ကလေး တစ်ဦးပဲ ယူခွင့်ရှိသည်။) ကို အခြေခံဥပဒေထဲ ပြဋ္ဌန်းပြီး ကျယ်ကျယ်ပြန့် ပြန့်  ကျင့်သုံးခဲ့တယ်။
တရုတ်ရိုးရာ အယူအဆအရ ယောကျာင်္းလေးက ပိုတန်ဖိုးရှိတယ် လို့ အများက လက်ခံထားတယ်။ ဒီတော့ ဆေးပညာနဲ့ မိခင်လောင်းရဲ့ ၀မ်းဗိုက်ထဲက ရင်သွေးလောင်းကို စစ်ဆေးကြည့်လိုက်တယ် – ကျားလား၊ မလား- ကျားဆိုရင် ဒီရင်သွေးကို ထိန်းသိမ်းစောင့်ရှောက်တယ်။ အကယ်၍များ ရင်သွေးလောင်းသည် မိန်ကလေး ဖြစ်ခဲ့ရင် ဒီရင်သွေးလောင်းကို ဖျက်ချပြီး နောက် ရင်သွေးလောင်းကို ဆက်လက်စောင့်မျှော်တယ်။
အစိုးရက one child policy သတ်မှတ်ပေမယ့် တရုတ်ပြည်မှာရှိတဲ့ မိသားစုတော်တော်များများက one son policy အဖြစ် ကျင့်သုံးခဲ့တယ်။
တချို့ နေရာတွေမှာ မိန်းကလေး မွေးဖွားလာခဲ့၇င် နောက်တကြိမ်ထပ်မံ မွေးဖွားခွင့်ရရှိနိုင်ဖို့  မွေးထားတဲ့ မိန်းကလေးအကြောင်းကို သက်ဆိုင်ရာကိုအကြောင်းမကြားဘဲ ထိန်ချန်ထားလိုက်တယ်။
ဒီလိုနဲ့  2005 ရဲ့ စစ်တမ်း ကို လေ့လာကြည့်တော့- ယေဘူယျအားဖြင့် မိန်းကလေး 100 မွေးဖွားပြီးတဲ့အချိန်မှာ ယောကျာင်္လေး 119 ယောက် မွေးဖွားထားပြီးပြီ လို့ တွေ့ ရှိရပါတယ်။ အချို့ နေရာတွေမှာ မိန်းကလေး 100 မွေးဖွားပြီးတဲ့အချိန်မှာ ယောကျာင်္လေး 130 ယောက် အထိ မွေးဖွားထားပြီးပြီ လို့ တွေ့ ရှိရပါတယ်။
တရုတ်ပြည် တခုလုံးခြုံကြည့်လိုက်ရင်
2020 အရောက်မှာ အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ် ရောက်ရှိလာသော- အမျိုးသား အရေအတွက်သည် အမျိုးသမီး အရေအတွက်ထက် 24 million (24,000,000) ပိုများနေပါတော့မယ်။ ဒီ 24 million သော အမျိုးသားတွေမှာ စာ၇င်းအရ အိမ်ထောင်ပြုလက်ထပ်ဖို့  သတို့ သမီး မရှိဘူး ဖြစ်နေပါပြီ။
ဒီအကျိုးဆက်အနေနှင့်
• အသက်ကြီး အမျိုးသမီးနှင့် အသက်ငယ် အမျိုးသားတို့ လက်ထပ်တဲ့ အရေအတွေက်ပိုမိုများပြားလာပါတယ်။
• အသက်ကြီး ၄၀ ၀န်းကျင် အမျိုးသားများအတွက် လက်ထပ်နိုင်ဖို့ အခွင့်အရေး အတော် နည်းပါးသွားပါတယ်။ (စကားချပ်။ မြန်မာ နိုင်ငံမှာ အသက် ၄၀ ကျော်လျှင် စိတ်လျှော့ပြီး အိမ်ထောင်ပြုဖို့  မကျိုးစားတော့ပါဘူး။ ဒါပေမယ့် တခြားနိုင်ငံတွေမှာ အသက် ၄၀ ကျော်မှ ဘ၀သည် တည်ငြိမ်ပြီး အိမ်ထောင်ပြုဖို့  ကျိုးစားပါတယ်။)
• တရုတ်ပြည်ထဲကို တခြားနိုင်ငံတွေက အရွယ်ကောင်း အမျိုးသမီးတွေကို အိမ်ထောင်ပြု၊ သားမွေးဖို့  အတွက် တရားမ၀င် တင်သွင်းပါတယ်။
တရုတ်ပြည်နဲ့ အနီးဆုံးနဲ့ ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်က အရွယ်ကောင်းအမျိုးသမီး အရေအတွက် ဘယ်လောက် တရုတ်ပြည်ထဲကို ရောင်းချပြီးပြီလဲ။
နောင်မှာ အရေအတွက် ဘယ်လောက် ရောင်းချခံ၇မှာလဲ -ကျွန်တော်မှာ စာရင်းဇယားမရှိပါ။ ဒါပေမယ့် တကယ်ဖြစ်နေတာ အမှန်ပါ။
အခုအချိန်အထိ တရုတ်ပြည် အစိုး၇သည် ကျား၊မ အချိုးအစားမညီမျှမှုအတွက် ဘာအစီအစဉ်မှ ဆောင်ရွက်ခြင်းမရှိပါ။
ကျွန်တော်အမြင်နှင့်ပြောရရင် – တရုတ်ရိုး၇ာအရ တရုတ်အမျိုးသားတို့ သည် တရုတ်အမျိုးသမီးကိုပဲ လက်ထပ်သည်ဖြစ်သည်။ တခြားလူမျိုးခြား အမျိုးသမီးနဲ့  လက်ထက်သည်ဖြစ်စေ။ အမျိုးသားနောက်ကို အမျိုးသမီးကလိုက်ပါရသည်။ နောက်ဆုံးတော့ တရုတ်အမျိုးသားသည် မည်သည့်အမျိုးသမီးနဲ့ လက်ထပ်ပါစေ -တရုတ် လူမျိုးမပျောက်။ တရုတ်သွေး မပျောက်။ တရုတ်ရိုးရာ မပျောက် – အဆုံးသတ်မှာ တရုတ်သည် တရုတ်ပါပဲ။
ကိုးကား။ http://news.bbc.co.uk/2/hi/asia-pacific/8451289.stm
မြန်မာတွေ မဆင်းရဲပါစေနှင့် ဆင်းရဲခဲ့လျှင် လူမျိုးပျောက်လိမ့်မည်။





Recent Comments