သီချင်း အခမဲ့ နားထောင်နိုင်တဲ့ web site

Internet ပေါ်မှာ နိုင်ငံခြား သီချင်းနားထောင်ချင်သူများအတွက်။
မိမိနှစ်သက်သော သီချင်းကို ရှာဖွေ နားထောင်လိုသူများအတွက်။

http://www.grooveshark.com ကို ညွှန်းဆို ပေးလိုက်ပါတယ်။

မိမိနှစ်သက်သော သီချင်းများကို play list လုပ်ထားနိုင်ပြီး ။ အချိန်မရွေး နေရာမရွေးမှာ(Internet speed တော့ ကောင်းရမှာပေါ့) နားထောင်လို့ ရပါတယ်။
လုပ်ချင်တယ်ဆိုရင်တော့ amazon နှင့် iTune Store ကိုရောက်သွားလိုက်တယ်။ (download တော့ အခမဲ့မရနိုင်ပါဘူး )။

သူ့ ကို ညွှန်းဆိုရတဲ့ အချက်ကတော့ လွန်ခဲ့သာ အနှစ် 40 က သီချင်းက အစ အခု 4 ရက်အတွင်း ထွက်ရှိထားသော သီချင်းတွေကို အလွယ်တကူ ရှာဖွေနိုင်တယ်။ နားထောင်နိုင်တယ်။ Popular အဖြစ်ဆုံး သီချင်းတွေကိုလည်း ရွေးပြီးဖော်ပြပေးထားတယ်။ အဆင်သင့်နားထောင်ရုံပါပဲ။

သူရဲ့ radio လေးက မိမိ စိတ်ကြိုက် ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးထားပါတယ်။ မိမိ နှစ်သက်သော သီချင်းတစ်ပုဒ်ကို  play list ထဲ စတင်ထည့်လိုက်ပါ။
နောက် Radio ကို ဖွင့်လိုက်ပါ။ ပထမ ရွေးချယ်ထားသော သီချင်းနှင့် အမျိုးအစားတူ သီချင်းများကို Radio အနေနဲ့  တစ်ပုဒ်ပြိး တစ်ပုဒ် ဆက်စပ် တင်ဆက်နေမှာပါ။

နိုင်ငံခြားသီချင်းများကို အခမဲ့ နားထောင်နိုင်တဲ့ web site လေးတစ်ခုပါ။
http://www.grooveshark.com

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>