Archive

Archive for the ‘မြန်မာ့မှတ်တမ်း’ Category

မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်….

February 23rd, 2010 No comments
“ ပြည်သူ မပိုင်သော ပြည်သူပိုင် နှင့် ပုဂ္ဂိုလ်ကြီး များ ပိုင်သော ပုဂ္ဂလိက ပိုင်” ဆို သော စာ အတွက်.. ပေးပို့လာသော ဆောင်းပါး တပုဒ်ပါ။
-
++++++++++++
-
ခုတလော အားလုံး စိတ်ဝင်စား နေကြတဲ့.. ပုဂ္ဂလိက ပိုင်ပြုခြင်း ဆိုတဲ့.. အကြောင်း အရာ အောက်မှာ.. စိုက်ပျိုးရေး နိုင်ငံ တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ အတွက် သိပ်ကို အရေး ကြီး တဲ့.. မေးခွန်း တချို့ကို တွေးတော ကြည့် ကြ စေခြင်ပါတယ်။
-
“ပုဂ္ဂလိကပိုင် ပြောင်းလဲရေးမှာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ကိုရော ဘယ်လို သဘောထား မှာလဲ”

“ ဒီနေ့ ခေတ်မှာ..လယ်ယာ ပိုင်ဆိုင် စိုက်ပျိုးရေးက..ပုဂ္ဂလိက ပိုင် လား..ပြည်သူပိုင်လား..”

-
Read more…

“သူ” ဆိုတာ ဘယ်လို လူလဲ!

February 15th, 2010 1 comment

လူ့လောကထဲ သူ နေခဲ့ရတာက ၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။ ( သက္ကရာဇ် ၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇ ) နတ်မောက် ဦးသောဘိသကျောင်း၊ ရေနံချောင်း အမျိုးသားကျောင်း နဲ့ ရန်ကုန်တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့၊ ၁၉၃၄ ကျောင်းသားသမဂ္ဂ အမှုဆောင်နဲ့ နိုင်ငံရေးဘ၀ စတင်၊ နိုင်ငံရေး လုပ်သက် ၁၃ နှစ်၊ အဓိက ဖြတ်သန်းမှုတွေက ကျောင်းသား သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ၊ သူ့ရဲ့ အဓိက အောင်မြင်မှုကတော့ ( မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထ မြန်မာနိုင်ငံတော် ) Read more…

အမေ မသိသေးသော အကြောင်းများ

January 19th, 2010 No comments

မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်က နောက်တစ်ယောက်ကို ပြောနေတာ။

“ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်းနိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့”
“‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ”
“အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ”

အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်။
Read more…

ငွေသတင်း၊ ရွှေသတင်း

December 7th, 2009 No comments

ငွေသတင်း

၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့ တွင် အမေရိကန် ၁ ဒေါ်လာကို ဝယ်ဈေး ၉၈၅ ကျပ်ဖြစ်ပြီး ရောင်းဈေး ၉၉၃ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ယခင်လ ဒုတိယပတ်မှစ၍ ကျပ်ငွေတန်ဖိုး တက်လာခြင်းဖြစ်ပြီး အမေရိကန် တဒေါ်လာလျှင် ၉၉၀ နှုန်း ဖြင့် ရောင်းချခဲ့ကြသည်။ ယင်းမတိုင်မီက တဒေါ်လာလျှင် ၁၀၃၀ ကျပ်နှင့်အထက်တွင် ရှိခဲ့သည်။

Read more…

အမေ တခြား သားတခြား

September 25th, 2009 No comments

အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။

အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။
Read more…

Myanmar troops attack minority militia in north

August 29th, 2009 No comments

The Kokang incident is a violent conflict that broke out in August 2009 in the Kokang Special Region (also known as Special Region 1) of northern Shan State, in Myanmar.

Read more…

အနိုင်မခံ

August 21st, 2009 No comments

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်တိုက်တွင်းမှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏ ညွတ်ကားမညွတ်

ဤဒေါသ၊လောဘတို့  ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ ရအံ့
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ ရအံ့

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။
Read more…

တန်ဖိုးရှိသောသူ ဖြစ်ပါစေ.

July 19th, 2009 No comments

ရာဇ၀င် အထ္တုပတ္တိလဲ ရှိရမယ်
မော်ကွန်းလည်း ထွန်းလောက်တဲ့
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။

19 July 2009 ၊
အာဇာနည်နေ့ -

အမှန်တရားအတွက်၊ အများပြည်သူအတွက်
ရဲဝံ့စွာ ကိုယ်ကျိုးစွန့် ကျိုးပမ်းဆောင်ရွက်သော
မြန်မာပြည်ရှိ အာဇာနည်များကို
ဂုဏ်ပြုလျှက်

http://myanmarpioneer.com/ မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်သော စာအုပ်များရယူနိုင်ပါသည်။

မြတ်မွန်မှန်ကန်သော အလုပ်တို့ ကို လုပ်ဆောင်ခဲ့သောသူ၏ တန်ဖိုးသည် မျိုးဆက်များစွာ လေးစားဂုဏ်ပြုထိုက်ပါသည်။

ကောင်းသူ၊ တန်ဖိုးရှိသောသူတို့ သည် ကောင်းသောသူ၊တန်ဖိုးရှိသောသူတို့ ကို အစဉ် ထာဝရ ဂုဏ်ပြုတန်ဖိုးထားသည်။

သင်သည် ကောင်းသောသူ ၊ တန်ဖိုးရှိသောသူ ဖြစ်ပါစေ.

သမိုင်းတွင်သော စကားတစ်ခွန်း

May 15th, 2009 No comments

“ကျမ ပြစ်မှုမကျုးလွန်ဘူး”
ဒေါ်အောင်ဆန်းစုကြည်-
ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
14 May 2009

Read more…

ကျွန်

April 6th, 2009 No comments

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။

ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
Read more…

UA-11799235-1