Category Archives: နိုင်ငံတကာ သတင်း

သတင်းအတိုအထွာ

၇ နိုဝင်ဘာ ၂၀၁၁ – ၁၃ နိုဝင်ဘာ ၂၀၁၁

အမေရိကန်နဲ့ ပစိဖိတ်ရပ်ဝန်း ၈ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်ရရှိ

(နိုဝင်ဘာလ ၁၂၊ ၂၀၁၁)
အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူကျွန်းမှာ ၂ ရက်ကြာကျင်းပနေတဲ့ APEC လို့ခေါ်တဲ့ အာရှ ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်၊ သြစတြေးလျ၊ ဘရူနိုင်း၊ ချီလီ၊ မလေးရှား၊ နယူးဇီလန်၊ ပီရူး၊ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေပါဝင်တဲ့ လွတ်လပ်စွာကုန်သွယ်ရေးဇုံတစ်ခု ဖန်တီးသွားဖို့  သဘောတူညီချက်ကတော့ အသေအချာကို ရခဲ့ပါပြီလို့ဆိုပါတယ်။

ဒီသဘောတူညီချက်ကြောင့် တနိုင်ငံနဲ့တနိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်စပ်ပြီး လုပ်ကိုင်ကြခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာမှာဖြစ်သလို ဆင်းရဲမှုတွေကိုလည်း လျှော့ချသွားနိုင်လိမ့်မယ်၊ အလုပ်အကိုင်သစ်တွေလည်း ပိုပြီးဖန်တီးလာနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း နိုင်ငံခေါင်းဆောင်တွေက ပြောပါတယ်။

ကိုးကား။ http://www.voanews.com/burmese/

 

ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ဝင်အဖြစ်က ရပ်ဆိုင်း

(၁၂  နိုဝင်ဘာ ၂၀၁၁)
ဆီးရီးယားမှာ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းခြင်း မပြုတော့ပါဘူးလို့ သမ္မတ ဘက်ရှာအယ်လ်အဆဒ် (Bashar al-Assad) ရဲ့ အစိုးရက ကတိပြုထားတာကို အကောင်အထည် မဖော်မချင်း ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ဝင်နိုင်ငံ အဖြစ်ကနေ ရပ်ဆိုင်းထားမယ်လို့ ဒီကနေ့ ကိုင်ရိုမြို့တော်မှာကျင်းပတဲ့ အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးကနေ ကြေညာလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံမှာရှိတဲ့ အာရပ်နိုင်ငံအားလုံးက သံအမတ်ကြီးတွေကို ပြန်လည်ခေါ်ယူပြီး အာရပ်နိုင်ငံတွေ အနေနဲ့ ဆီးရီးယားကို စီးပွားရေးအရ အရေးယူပိတ်ဆို့ဒဏ်ခတ်တာတွေ ချမှတ်ဖို့ အာရပ်အဖွဲ့ချုပ်က တောင်းဆိုလိုက်ကြောင်းလည်း ကာတာ ၀န်ကြီးချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လက စပြီး ဆီးရီးယားမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းခဲ့လို့ လူပေါင်း ၃ ထောင်ကျော် သေဆုံးခဲ့ရတာမှာ မနေ့က နိုဝင်ဘာလ ၁၁ ရက်နေ့က ပစ်ခတ်နှိမ်နင်းမှုကတော့ တနိုင်ငံလုံးမှာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ရတာကြောင့် မယုံနိုင်စရာ ရက်စက်လှတဲ့ သောကြာနေ့လို့ ဒီကနေ့ကျင်းပနေဆဲ အာရပ်အဖွဲ့ချုပ်ဝင် ၀န်ကြီးတွေရဲ့ အစည်းအဝေးကနေ ပြောဆိုလိုက်ပါတယ်။

ကိုးကား။ http://www.voanews.com/burmese/

 

မင်းပြား မြို့မဈေးတခုလုံး မီးလောင်ပြာကျ၊ သိန်းပေါင်း သောင်းချီ၍ ဆုံးရှုံး

(၁၂ နိုဝင်ဘာ ၂၀၁၁)
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယနေ့(နိုဝင်ဘာလ ၁၂ရက်နေ့) ညနေ ၇နာရီ အချိန်ခန့်တွင် မီးလောင်မှုတခုဖြစ်ပွါးခဲ့ရာ မင်းပြားမြို့မဈေးကြီးတခုလုံးမှာ မီးလောင်ပြာကျသွားကြောင်း သိရသည်။

အဆိုပါ ဈေးကြီးမှာ မင်းပြားမြို့၏ အဓိက မြို့မဈေးကြီးဖြစ်ပြီး ဈေးတခုလုံး လောင်ကျွမ်းသွားသောကြောင့် ကာလပေါက်ဈေးတန်ဖိုးအားဖြင့် အနည်းဆုံး သိန်းပေါင်း တသောင်းခန့် ရှိနိုင်ကြောင်း မြို့ခံများအပြောအရ သိရှိရသည်။
မည်ကဲ့သို့ မီးစတင်လောင်ကျွမ်းသည်ကို အတိအကျပြေဆိုရန် ခက်ခဲ့သော်လည်း လျှပ်စစ်ပစ္စည်း ရောင်းဝယ်သည့် ဆိုင်တဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု တခြား ဒေသခံတဦးက ဆိုသည်။

ကိုးကား။ http://www.narinjara.com

ဘင်လာဒင်ကို မည်သို့ဖမ်းဆီး ရမိခဲ့သနည်း။

(စီအင်န်အင်န်) ကိုကို ဘာသာပြန်သည်။
The Myanmar Times အတွဲ ၂၆ ၊ အမှတ် ၅၁၆ (၆ – ၁၂ ၊ ၅ ၊ ၂၀၁၁)

ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး အကြမ်းဖက် ခေါင်းဆောင် တစ်ဦးအား ဖမ်းဆီး ရေး၊သို့မဟုတ် အပြတ်ရှင်းပစ်ရေး အတွက် အမေရိကန် ရဟတ်ယာဉ်တပ်ဖွဲ့တစ်စုသည် ညဥ့် အမှောင်ထု တွင် မြင့်မားသော အုတ်တံတိုင်းကြီး များ ကာရံထားသည့် ခြံဝင်းကြီး တစ်ခုဆီသို့ ချဉ်းကပ်ပျံသန်းသွားခဲ့ကြသည်။

နောက် မိနစ် ၄၀ ခန့်အတွင်းမှာပင် ခြံဝင်းအတွင်းမှ အိုစမာဘင်လာဒင် နှင့် အခြားသူ လေးဦးတို့ သေဆုံးသွားရာ အမေရိကန်တို့သည် အယ်လ်ကေဒါ ခေါင်းဆောင်၏ ရုပ်အလောင်းကို ယူဆောင်ကာ ခြံဝင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က မိမိတို့ မြေပေါ်တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရချိန်မှစ၍ အမေရိကန်တို့ ချမှတ်ထားခဲ့ သော အဓိဋ္ဌာန်ကို ၁၀ နှစ်ကျော်ကြာမှ အောင်မြင်စွာ အကောင် အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ကြ လေတော့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ထိုအောင်မြင်သော စစ်ဆင်ရေးအကြောင်းကို ပြီးခဲ့သည့် တနင်္ဂနွေညတွင် ထုတ်ဖော်ကြေညာခဲ့သည်။

ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလမ္မာဘတ် ၏မြောက်ဘက် ၆၂ မိုင်အကွာတွင် အိုစမာ ဘင်လာဒင် ပုန်းအောင်းရန်အတွက် လွန်ခဲ့သော ငါးနှစ်ခန့်က တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသော ထိုအိမ်ကြီးနှင့် ခြံဝင်းကြီးအကြောင်းကို ‘ကန်’အစိုးရအထက်တန်းအရာရှိတို့က စီအင်န် အင်န်ရုပ်သံဌာနကို ပြောပြခဲ့ကြသည်။

နှစ်ပေါင်းများစွာ စုဆောင်းရရှိခဲ့သော ထောက်လှမ်းရေး သတင်းအချက်အလက်များနှင့် သီးခြား အထူးသဲလွန်စများကိုလိုက်ရင်း ချမ်းသာ ကြွယ်ဝသူများသာနေထိုင်သော အဘော့တာ ဘတ်မြို့ရှိ ခြံဝင်းကြီးနှင့် အိုစမာဘင်လာဒင်ရှိရာ ဆီသို့ ဆက်သွယ်နေသည့် ဆက်သားတစ်ဦးကို ခြေရာခံကာ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

စတင်တည်ဆောက်စဉ်က ထိုခြံဝင်းကြီးသည် တသီးတခြားရှိနေပြီး သွားရာလမ်းကလည်း ဆိုးသည်။ နောက်ပိုင်းတွင် ထိုခြံကြီးအနီး
တစ်ဝိုက် နောက်ထပ် နေအိမ်များ တိုးဆောက်လာကြသော်လည်း ထိုခြံကြီးလောက် ဘယ်အိမ်မျှ ကြီးမားခြင်းမရှိချေ။

အပြင်တံတိုင်းသည် ၁၈ ပေမြင့်ပြီး ထိပ်တွင်သံဆူးကြိုးများဖြင့် ကာရံထားသည်။ လုံခြုံရေးဂိတ်နှစ်ခုရှိပြီး အတွင်း တံတိုင်း အဆင့်ဆင့်ဖြင့် ကာရံထားသည်။

ပင်မအဆောက်အအုံမှာ သုံးထပ်တိုက်ဖြစ်ပြီး ပြတင်းပေါက် အနည်းငယ်သာရှိသည်။ တတိယထပ်တွင် သီးခြား တံတိုင်းတစ်ခုလည်း ကာထားသေးသည်။ ဒေါ်လာတစ်သန်းခန့်တန်မည်ဟု ခန့်မှန်းရပြီး တယ်လီဖုန်းနှင့် အင်တာနက်များ တပ်ဆင်ထားခြင်း လုံးဝမရှိချေ။

အခြားအိမ်များက အမှိုက်ကို အမှိုက်ကားသယ်ယူရန် အပြင်တွင် ပစ်ကြသော်လည်း ထိုခြံဝင်းက အမှိုက်များကိုခြံထဲမှာပင်
မီးရှို့ပစ်သည်။ စစ်ဆင်ရေးကို လူအနည်းငယ်ဖြင့်သာ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။

မျက်နှာချင်းဆိုင်တွေ့ကြသောအခါ ဘင်လာဒင်နှင့် အခြားလူသုံးဦးက ခုခံသဖြင့် တိုက်ပွဲ ဖြစ်ပွားသည်။ တိုက်ပွဲအပြီးတွင်
ဘင်လာဒင်နှင့် အခြား လူသုံးဦး၊ သူတို့က လူသားအကာအကွယ် အဖြစ် အသုံးပြုသွားသော အမျိုးသမီးတစ်ဦးအပါအ၀င် အားလုံးသေဆုံးသွားသည်။ ဘင်လာဒင်၏ ဦးခေါင်းကို ကျည်ဆန် ထိမှန် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

စစ်ဆင်ရေးတွင် ‘ကန်’ ရဟတ်ယာဉ် တစ်စင်း စက်ချို့ယွင်း၍ ပျက်ကျသွားသည်။ အဖွဲ့ထွက်ခွာသွားစဉ် ထိုရဟတ်ယာဉ်ကို
ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ ‘ကန်’တို့ဘက်မှ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟုဆိုသည်။

အသေးစိတ် ထုတ်ဖော်မပြောပြသော်လည်း စစ်ဆင်ရေးကို US Navy SEALS အထူးတပ်မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။  အလောင်းကို Facial Imaging (မျက်နှာပုံရိပ်ဖော်ခြင်း) နည်းပညာ အပါအ၀င် အခြားနည်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး နောက်မှ အိုစမာဘင်လာဒင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ဘင်လာဒင်၏ ရုပ်အလောင်းကို အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ လုပ်ဆောင်ပေးခဲ့ပြီး ပင်လယ်ပြင်တစ်နေရာတွင် သင်္ဂြိုဟ်လိုက်သည်ဟု ဆိုသည်။

‘ကန်’အစိုးရ အထက်တန်းအရာရှိများက ရရှိသော ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ၂၀၁၁ ခုနှစ် နှစ်ဦးစောစောပိုင်းကတည်းက ပါကစ္စတန်နိုင်ငံအတွင်း ထိုခြံဝင်းကြီးထဲ၌ အိုစမာဘင်လာဒင်ရှိနိုင်သည်ဟု ယူဆထားခဲ့သည်။  ဖေဖော်ဝါရီလလယ်လောက် ရောက်သောအခါ ရရှိသော အထောက်အထားများမှာ အတော်ပင် ခိုင်မာလာပြီဖြစ်ရာ အိုစမာဘင်လာဒင် ရှိသည့်နေရာကို အတိအကျ သိရလျှင် အရေးယူဆောင်ရွက်မည်ဟု သမ္မတအိုဘားမားဆုံးဖြတ်ထားခဲ့သည့်အတိုင်း စတင် လုပ်ဆောင်ရန် စဉ်းစားခဲ့ကြသည်။  မတ်လလယ်မှ ဧပြီလနှောင်းပိုင်းအထိ ပြုလုပ်ခဲ့သော အမျိုးသား လုံခြုံရေး ကောင်စီအစည်းအဝေး ငါးခုစလုံးကို သမ္မတအိုဘားမား
ကိုယ်တိုင် အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။  နောက်ဆုံးအစည်းအဝေး နှစ်ခုကို ဧပြီလ ၁၉ ရက်နှင့် ၂၈ ရက်တို့တွင် လုပ်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်နေ့ဖြစ်သော သောကြာ နေ့တွင် သမ္မတအိုဘားမားက အထူးတာဝန်ကို အမိန့်ပေးခဲ့သည်။

ဘင်လာဒင်ယုံကြည်သော ဆက်သား အနည်းငယ်အနက် တစ်ဦးကို နောက်ယောင်ခံရာမှ သိလာရခြင်းဖြစ်သည်။ ထိုဆက်သားနှင့် သူ၏ ညီတို့ နေထိုင်သော နေရာကို လွန်ခဲ့သောနှစ်နှစ်ကပင် သိထားခဲ့သော် လည်း လွန်ခဲ့သောနှစ် ဩဂုတ်လအတွင်းကျမှသာ အဘော့တာဘတ် မြို့မှ ထိုခြံကြီးကို သိရှိလာခဲ့ခြင်းဖြစ်သည်။ ထိုဆက်သားရော၊ သူ့ညီပါ ဤမျှတန်ဖိုးကြီးသောခြံဝင်းကြီးကို ပိုင်ဆိုင်လောက်အောင် ဥစ္စာ ရင်းမြစ်ရှိနိုင်သူမဟုတ်ရကား အထူးပုဂ္ဂိုလ်တစ်ဦးဦးအား ကွယ်ဝှက်ထားရန် ရည်ရွယ်၍ စိတ်တိုင်းကျ ဆောက်ထားသောအိမ်ကြီး ဖြစ်သည်မှာ သိသာနေသည်။

အိုဘားမားအစိုးရသည် ဘင်လာဒင်နှင့်ပတ်သက်၍ ရရှိသော ထောက်လှမ်းရေးအချက်အလက်များကို (ပါကစ္စတန်အပါအ၀င်)
မည်သည့်နိုင်ငံကိုမျှ အသိပေးမျှဝေခဲ့ခြင်းမရှိဟု ဆိုသည်။ အိုဘားမား အစိုးရအဖွဲ့အတွင်းမှာပင် ဤစစ်ဆင်ရေးကို ကြိုတင်သိရှိသူမှာ အနည်းငယ်သာရှိသည်ဟု သိရှိရသည်။

စင်္ကာပူက PC Show 2010

စင်္ကာပူက ဦးဦး၊ဒေါ်ဒေါ်၊ ကိုကို၊ မမ တို့ ဆီက နောက်ဆုံးထုတ် ကွန်ပျုတာ၊ ဖုန်း အစရှိတာတွေ မှာချင်ရင် – အခု PC Show 2010 စ နေပြီ  – 10 June မှ ၁၃ June အထိ ပဲနော်-

ပစ္စည်းကောင်း ဈေးချိုချိုနဲ့ ရောင်းတာနော် –

ဘာမှာ ရမှန်းမသိရင်၊ ဘာဝယ် ရမှန်းမသိရင် -

ပစ္စည်းများကို အုပ်စုအလိုက် စုစုစည်းစည်း ဖော်ပြထားပြီး၊ တခုချင်းစီအတွက် မှတ်ချက်လေးတွေပါ ရေးပေးထားပါသည်။ အသေအချာလေ့လာပြီးမှ ၀ယ်ချင်ရင်တော့ -ဒီမှာ အရင်လေ့လာပါ။
http://www.digitalone.com.sg/guides/article/12059

ဈေးနှုန်းတွေက နေ့ စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ နေ့ စဉ်ပြောင်းလဲနေသော ဈေးနှုန်းများကို လူတိုးမခံရဘဲ သိလိုလျှင်-
http://www.bootstrike.com/itfairsg/itshow2010/

ကဲ ဈေးနှုန်းလည်းသိပြီ။ ပစ္စည်းတွေ အကြောင်းလဲ သိပြီ။

ဝယ်လိုတာ ၀ယ်လို့ ရပြီ။
မှာလိုတာ မှာလို့ ရပြီ။

ကန့် လန့် ကာ၏နောက်ကွယ်၌ (၁)

လူတစ်ယောက်အတွက် အနှမြောဆုံးအရာမှာ သူ၏အသက်ပင်မဟုတ်ပါလား။

သို့ ပေငြားလည်း တရုတ်ပြည် Foxconn လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံမှာ (၆)လအတွင်းမှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ (၇) ဦး သေဆုံးခဲ့ပြီးပါပြီ။

Foxconn – သူကဘယ်လို အလုပ်မျိုးလုပ်နေသလဲ။
ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တည်းတမ်းထုတ်လုပ်တဲ့ စက်ရုံကတော့ တရုတ်ပြည် Shenzhen မြို့ မှာ တည်ရှိပါတယ်။
တရုတ်ပြည်က စက်ရုံကို 1988 မှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၊ ယခုအချိန်မှာ ၀န်ထမ်းစုစုပေါင်း (400,000) လေးသိန်းကျော်နဲ့  ကမ္ဘာပေါ်မှာ အလှဆုံး။ လူကြိုက်အများဆုံး iPod,iPad, iPhone တို့ ကို နောက်ကွယ်ကနေ ထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ပစ္စည်းထုတ် စက်ရုံတစ်ရုံလည်းဖြစ်ပါတယ်။

iPod,iPad, iPhone ထုတ်ကုန်တွေကို လူသိများသလို။ အခုအချိန်မှာ Foxconn စက်ရုံက သေကြောင်းကြံစည်မှုတွေကိုလည်း လူတွေအာရုံစိုက်လာရပါပြီ။

ဘာကြောင့် (၆)အတွင်းမှာ သေကြောင်းကြံစည်မှု (၉) ကြိမ်ဖြစ်ပွားခဲ့ရပါသလဲ။
Continue reading ကန့် လန့် ကာ၏နောက်ကွယ်၌ (၁)

Singapore 2009 Population

Singapore’s population hit almost 4.99 million in June 2009.
The growth has been fuelled mainly by the increase in immigrants, as the number of babies delivered by Singapore residents rose only marginally.

The Department of Statistics show that the number of citizens grew from 3.16 million last year to 3.2 million this year, while that of permanent residents inched up from 0.48 million to 0.53 million in 2009. The number of non-residents rose by 4.8 % to reach 1.25 million.

China’s Sichuan earthquake of May 12

May 13 2008, Tuesday

China quake buries at least 10,000 people in Sichuan city – Xinhua

DUJIANGYAN, China XFN-ASIA – China’s Sichuan earthquake of May 12 occurred as at least 10,000 people remained buried in a single city in China’s Sichuan province following yesterday’s earthquake, the official Xinhua news agency reported.

The casualty estimate covers the city of Mianzhu, about 35 kilometers southeast of the epicenter of the 7.8-magnitude quake.

It also said a confirmed-death count for the city was at about 1,500.

“ သေပါပြီဆရာကြီးရယ်”

စင်္ကာပူနိုင်ငံ အလက်ဇင်းဒါးဆေးရုံကြီးတွင် ခွဲစိတ်အထူးကုသင်တန်းတက်ရောက် နေသော မြန်မာဆရာဝန် ဒေါက်တာသန့်ဇင်သည် လူနာများ၏ အစာအိမ်အတွင်းရှိ ပစ္စည်းများကို ဗိုက်မခွဲဘဲဆွဲထုတ်ရာတွင် အထူးကျွမ်းကျင်သူတစ်ဦးဖြစ်သည်။  လူနာများ မျိုချထားသော ပင်အပ်မှအစ ကစားစရာအဆုံး ပစ္စည်းတော်တော်များများ ကို အောင်မြင်စွာ ပြန်ထုတ်ပေးခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သောအောက်တိုဘာလက သူ့ထံသို့ ရဲအစောင့်အရှောက် နှစ်ဦးနှင့်အတူ အကျဉ်းသားတစ်ဦးရောက်လာသည်။ လွန်ခဲ့သော နှစ်ရက်က ရတနာပစ္စည်းဆိုင် တစ်ခုမှ ခိုးယူ မျိုချထားခဲ့သော ဒေါ်လာ ၂၇၀၀တန် စိန်လက်စွပ်ကို အကျဉ်းသား၏ အစာအိမ်ထဲမှ ပြန်ထုတ်ပေးရန်ဖြစ်သည်။ “ ဒီလိုအဖြစ်မျိုးတော့ တစ်ခါမှ မကြုံဖူးသေးပါဘူး” ဟု ဒေါက်တာသန့်ဇင်က ပြောသည်။
လက်စွပ်သူခိုး မိုဟာမက် အာဇန်အဗ္ဗဒူလာမှာ သူ၏ ပြစ်မှုအတွက် ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံရမည်ဖြစ်သည်။အဗ္ဗဒူလာ၏ အစာအိမ်ထဲမှ လက်စွပ်ကို မြန်မာဆေးကျောင်းသား ဒေါက်တာသန့်ဇင် မှ ငါးမိနစ်အတွင်း အပြင်ရောက်အောင် ပြန်ထုတ်ပေးနိုင်ခဲ့သည်။ သက်သေခံ ရဲနှစ်ဦး ၏ ရှေ့မှောက်တွင် ဖော့ဆက်(ညှပ်) တပ်ထားသော အစာအိမ်အဏုကြည့်မှန်ပြောင်း (အင်ဒိုစကုပ်)ကို အစာအိမ်ထဲရောက်အောင် ပါးစပ်မှတစ်ဆင့် မျိုချခိုင်းပြီး မှန်ပြောင်း ထိပ်တွင် တပ်ထားသော ကင်မရာမှတစ်ဆင့် လက်စွပ်ကို ရှာဖွေ ညှပ်ယူပြီး ဆွဲထုတ် ပေးလိုက်ခြင်းဖြစ်သည်။ လက်စွပ်မှာ ကံကောင်းထောက်မစွာ ဈေးနှုန်းကတ်ပြား နှင့် တွဲလျက်ရှိနေပြီး ဖော့ဆက်ဖြင့် ဈေးနှုန်းကတ်ပြားကို ညှပ်ယူခဲ့ခြင်းဖြစ်သည်။ “ ကတ်ပြားသာမရှိရင် စိန်မြှုပ်ထားတဲ့ ပလက်တီနမ်လက်စွပ်က ပြောင်ချောနေတော့ ညှပ်ယူရတာ တော်တော်ခက်မယ်” ဟု ဒေါက်တာသန့်ဇင်က ပြောသည်။
လက်စွပ် အပြင်ရောက်သည့်အခါ ဒေါက်တာက “ မင်းကွာ ခိုးမဲ့အတူတူ ဒီထက်ကြီးတဲ့လက်စွပ် ကို မျိုချပါလား ” ဟု ကျီစယ်သည့်အခါ အဗ္ဗဒူလာခမျာ ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။  ငါးမျှားချိတ်များ၊ ငွေအကြွေစေ့များသာမက ဖန်ကွဲစများကိုပါ ပြန်ထုတ်ပေးခဲ့ဖူးသော မြန်မာဆရာဝန် ဒေါက်တာသန့်ဇင်အဖို့ ဤကိစ္စမှာ လုပ်ရိုးလုပ်စဉ်မျှသာဖြစ်ပါသည်။
“အမှန်တကယ်ကတော့ လူနာတွေရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်မှုအတွက် ဒီလိုကိစ္စမျိုးကို ဆေးရုံကထုတ်ဖော်ပြောလေ့မရှိပါဘူး”ဟု ဆေးရုံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။အသက် ၄၈နှစ်ရှိအဗ္ဗဒူလာအတွက် ဤဆေးရုံသည် ဒုတိယမြောက်ရောက်ခဲ့ရသော ဆေးရုံဖြစ်သည်။ ရဲများက သူ့ကို တန်တောက်ဆင်းဆေးရုံသို့ အရင်ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ ဆေးရုံဓာတ်မှန်တွင် အစာအိမ်အောက်ခြေ၌ ကပ်နေသော လက်စွပ်ကို တွေ့ရသည်။ အစာခြေစနစ်အရ ၀မ်းသွားသည့်အခါတွင် ပါလာနိုင်ကြောင်း ထင်မြင် ချက်ပေးသည်။  သို့သော် အူထဲတွင်လည်းတစ်နေနိုင်သဖြင့် ၀မ်းနှုတ်ဆေး ကျွေးခြင်း သည် စွန့်စားရာရောက်ကြောင်း ယူဆသည်။  တန်တောက်ဆင်းဆေးရုံသည် အမြဲတစေ အလုပ်များလျက်ရှိပြီး အရေးပေါ်ကိစ္စများကိုသာ တာဝန်ယူပေးနိုင်သဖြင့် လက်စွပ်သူခိုး အဗ္ဗဒူလာကို  အလက်ဇင်းဒါးဆေးရုံသို့ လွှဲပေးလိုက်ခြင်းဖြစ်သည်။
လက်စွပ်ကို မူလပိုင်ရှင် “တာက” ရတနာဆိုင်သို့ ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ပြီး “ကျောက်တွေကိုဖြုတ်၊ လက်စွပ်ကိုအရည်ပြန်ကျိုပြီး တခြားအထည်တစ်ခုခု ပြန်လုပ် လိုက်မယ်” ဟု ဆိုင်ပိုင်ရှင်ကပြောသည်။
ယခုအခါ ကိုရွှေအဗ္ဗဒူလာတစ်ယောက် ထောင်နန်းစံနေပြီဖြစ်သည်။  အစာအိမ်ထဲမှ လက်စွပ်ပြန်ထုတ်ခ ဒေါ်လာ ၁၈၀ ကျသည်။ ဓာတ်မှန် နှစ်ခါရိုက်ခ နှင့် အထွေထွေ စားရိတ် စုစုပေါင်းလိုက်လျှင် ဒေါ်လာ ၂၂၇ တိတိကို သူ၏ ကျန်းမာရေးအာမခံငွေထဲ မှ ပေးဆောင်ရမည်ဖြစ်သည်။
ရမလားလို့ စွန့်စားခိုးယူမျိုချခဲ့သော်လည်း နောက်ဆုံးမှာ လက်စွပ်လဲဆုံး၊ ထောင်တစ် နှစ်ခွဲလည်းကျ၊ ဆေးကုသခ ၂၂၇ ဒေါ်လာကို အိတ်ထဲက ထုတ်ပေးလိုက်ရသည့် အပြင် အစာအိမ်ကြည့်မှန်ပြောင်းကြီးကိုပါ မချိမဆံ့ မျိုချရသော စင်္ကာပူစောရကြီး ကိုအဗ္ဗဒူလာအဖို့မူ “သေပါပြီဆရာကြီးရယ်” ဟု နဖူးရိုက် အော်ရုံမှ တစ်ပါး ဘာမှ မတတ်နိုင်တော့ပါချေ။
Ref: March 7 2008 Singapore Straits Time