Category Archives: ဗဟုသုတ
Merry Christmas to you all
ချစ်ခင်ရပါသော စမ်းချောင်းဂျာနယ်ရဲ့ မိတ်ဆွေများအားလုံးကို “Merry Charistmas” ဟု နှုတ်ခွန်းဆက်ရင် အစစ်စီမြို့သား အရှင်ဖရန်စစ်၏ ဆုတောင်းလွှာကလေးကို ခရစ်စမတ်လက်ဆောင်ပါးလိုက်ရပါတယ်။ ကျွန်တော်တို့အားလုံး လက်ကိုင်ထားကျင့်သုံးလိုက်ကြရင်ဖြင့် သိပ်ကို ငြိမ်းချမ်းမှာပါပဲ။
ဘ၀ တွင် ရှုံးနိမ့်ရခြင်း တရားဆယ်ပါး
၁။   ဘ၀တွင် တိကျပြတ်သားသော ရည်မှန်းချက်မရှိခြင်း။
၂။   အဆိုးမြင်ခြင်း၊ အပြုသဘောမဆောင်ခြင်း
၃။   အတတ်ပညာမဲ့ခြင်း၊ အတတ်ပညာ မဆည်းပူးခြင်း
၎။   ဆုံးဖြတ်ချက်မချတတ်ခြင်း၊ မချနိုင်ခြင်း၊ အမှားဆုံးဖြတ်ခြင်း
၅။   လူမူဆက်ဆံရေး ညံ့ဖျင်းခြင်း
၆။   ပြင်းပြထက်သန်သောာ စိတ်ထား မရှိခြင်း
ရ။   အယုံလွန်ခြင်း၊ အယုံလွယ်ခြင်း၊ အားနာခြင်း
၈။   ကြောက်ရွံ့ ခြင်း၊ ရိုးရာ အစွဲအလမ်းကြီးခြင်း
၉။  ရတာထက် ပိုသုံးစွဲခြင်း
၁၀။ အမြန်သဋ္ဌေးဖြစ်လာခြင်း
ကမ္ဘာကျော်ခဲ့သော အလွဲများ
Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။
စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။
Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။
Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။
Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။
Credit : Than Htike Aung
ဟုတ်လား ၊ မဟုတ်လားတော့ သက်သေမပြနိုင်ပါ။
လူပတ်ဝန်းကျင်မှာ လွဲချော်မှုလေးတွေ၊ မထင်မှတ်တာလေးတွေ ဖြစ်လာနိုင်တယ်ဆိုတာ ပြောချင်တာပါ။
ကိုယ်မှာ idea လေးရလာရင် ကျိုးစားပါ။ ဘာဖြစ်လာနိုင်မလဲ ဘယ်သူမှ သေချာ တပ်အပ် မပြောနိုင်ပါဘူး။
လုပ်သင့်တာကို လုပ်ပါ။
2011 Miss Universe Leila Lopes
Leila Lopes - Miss Angola
2011 Miss Universe Leila Lopes
သူမ၏ အကြောင်း အနည်းငယ်ဖော်ပြလိုက်ပါသည်။
မွေးရပ်ဇာတိ : Angola နိုင်ငံ ၊ Benguela Province မြို့
မွေးသက္ကရာဇ် : February 26, 1986
လက်ရှိ အသက် :25
အရပ် : 1.79 m (5 ft 10 1⁄2 in)
လက်ရှိနေထိုင်သောအရပ်: United Kingdom
ပြိုင်ပွဲဝင်သော အလှမယ်များအားလုံး မေးခွန်းများစွာကို ဖြေဆိုကြရသည်။ သူမ မေးခွန်းများကို ဘယ်လို ဖြေဆိုခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။
( ပြိုင်ပွဲဝင်သူများ ကိုယ်စီကိုယ်စီ လှပကြပါသည်။ သို့ ပေမယ့်  အကဲဖြတ်ဒိုင်များ၏ မေးခွန်းများကို ဖြေဆိုတဲ့ အဖြေတွေက သီခြားစီ ထွက်လာခဲ့ပါသည်။ ထိုအဖြေများက အောင်မြင်မှု သရဖူကို ရယူပေးခဲ့တာပါ။)
Responding to questions, Lopes said that
she has never had cosmetic surgery of any kind and that her three tips for beauty were to get a lot of sleep, use sun block even when it’s not sunny and to drink lots of water.
She said her smile was her best weapon in the competition.
အောင်မြင်သော အသေးစား စီးပွားရေး လုပ်ငန်းရှင်တဦး၏ စကား
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးဖိလစ်မောင်ဟာ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်တဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တဦးအဖြစ်  (8-Sep- 2011) ကြာသပတေးနေ့က သမ္မတ အိုဘားမား ပြောတဲ့ စီးပွားရေးဆိုင်ရာမိန့်ခွန်းကို  လွှတ်တော်မှာ တက်ရောက် နားထောင်ခွင့်ရခဲ့ပါတယ်။
ဦးဖိလစ်မောင်ဟာ အမေရိကန်နိုင်ငံက ပြည်နယ်ပေါင်း ၂၈ ခုမှာ ဆိုင်ခွဲပေါင်း ၄၀၀ ကျော်နဲ့ ဆူရှီကုမ္ပဏီထူထောင်ပြီး လုပ်ငန်းလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ပါ။
VOA (ကိုကျော်အောင်လွင်): မြန်မာနိုင်ငံမွေးဖွားခဲ့တဲ့ ဦးဖိလစ်မောင်က အခု အမေရိကန် သမ္မတနဲ့ သမ္မတကတော်နဲ့ပါ တွေ့တယ်၊ လွှတ်တော်ထဲမှာ နမူနာ ပြရလောက်အောင်ကို အောင်မြင်တဲ့စီးပွားရေးသမား တယောက်ဖြစ်ပါတယ်။ ဆိုတော့ ကိုယ့်ရဲ့စီးပွားရေး လုပ်ငန်းတွေကို ဘယ်လောက်အထိ အောင်မြင်အောင် ဆက်လုပ်ဖို့ စိတ်ကူးတွေ ရပါသလဲ။ -
ဦးဖိလစ်မောင် “ကျနော်တို့ ကုမ္ပဏီ ဘယ်လောက် အောင်မြင်မအောင်မြင် တိုင်းတာတာကို ကျနော်တို့ ဆိုင် ဘယ်လောက်ချဲ့နိုင်သလဲ၊ ကျနော်တို့ ပိုက်ဆံ ဘယ်လောက်ရသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့တော့ ကျနော်တို့ တိုင်းထွာလေ့မရှိပါဘူး။ ကျနော်တို့ ဘယ်လောက်အထိ စားဝတ်နေရေး မအောင်မြင်တယ်၊ အောင်မြင်တယ် ဆိုတာကိုကြည့်ပြီးတော့ တိုင်းတာပါတယ်။ အဲဒါကိုပဲ သမ္မတကို ကျနော်ပြောပါတယ်။ နိုင်ငံတိုးတက်တာနဲ့ ကုမ္ပဏီနဲ့ အတူတူပဲ။ ကုမ္ပဏီတခု တိုးတက်တယ်ဆိုတာ ဘယ်လောက် ပိုက်ဆံရှာနိုင်သလဲ အပေါ်မှာ မမူတည်ဘူး။ ကိုယ့်ရဲ့ ၀န်ထမ်းတွေ ဘယ်လောက် ကျနော်တို့ ကြည့်ပေးနိုင်သလဲ၊ စောင့်ရှောက်ပေးနိုင်သလဲ ဆိုတာပဲ။”
VOA (ကိုကျော်အောင်လွင်): ဦးဖိလစ်မောင်ကို အမေရိကန်က ဘီလျံနာ သူဌေးကြီးလို့ ပြောလို့ရပြီလား၊ မီလျံနာ လို့ပြောရမလား။ –
ဦးဖိလစ်မောင် : “ကျနော် အလုပ်တခု လုပ်နေတာ ပိုက်ဆံတခုတည်းကြောင့် မဟုတ်ပါဘူး။ ကျနော် အလုပ်တခုကို မပျော်တဲ့အချိန်ကျရင်တော့ ကျနော် ဒီလုပ်ငန်းမှာ လုပ်တော့မယ်မထင်ဘူး။ နောက်လူတွေကိုလည်း ကျနော့်အနေနဲ့ အကြံပေးချင်တာက အလုပ်လုပ်တယ်ဆိုရင် ပျော်လို့လုပ်တာလား။ အလုပ်ကို ပိုက်ဆံကြောင့် တခုတည်းနဲ့တော့ မလုပ်စေချင်ဘူး။ ဘ၀ဆိုတာ တိုတိုလေးပဲ။ မပျော်တော့တဲ့အချိန်ကျရင် ဒီအလုပ်ကို ဘာလို့ဆက်လုပ်မှာလဲ။”
မူရင်းကို ဖတ်လို လျှင် http://www.voanews.com/burmese/news/Burmese-Businessman-09-09-11-129568478.html
သွေး
နို့ တိုက်သတ္တ၀ါတို့ ၏ သွေးသည် အနီရောင်၊ အင်းဆက် ပိုးကောင်များ၏ သွေးသည် အ၀ါရောင်။ ကျောက်ပုစွန် တို့ ၏သွေးသည် အပြာရောင်။
နေ့ စဉ်နေ့ တိုင်း နှလုံးသည် သွေး ၂000 ဂါလန်ကို ပို့ လွှတ်ပေးသည်။
အမျိုးသားတို့ ၏ ခန္ဓာကိုယ်တွင် သွေး ၅.၆ လီတာ ရှိနေပြီး အမျိုးသမီးတို့ ၏ ခန္ဓာကိုယ်တွင် သွေး ၄.၅ လီတာ ရှိပါသည်။
သွေးနီဥ ၁၀၀၀ တွင် သွေးဖြူဥ ၁ ဥ ရှိနိုင်သည်။
သွေးနီဥ တစ်ဥ၏ ပျမ်းမျှ သက်တမ်းသည် ရက်ပေါင်း ၁၂၀ ဖြစ်သည်။
သွေးဖြူဥ တစ်ဥ၏ ပျမ်းမျှ သက်တမ်းသည် ရက်ပေါင်း ၃၀ ဖြစ်သည်။
မြစ်များမှတ်စု
အမေဇုံ
ဂရိပုံပြင်တွေထဲက မိန်းမကြမ်းစစ်သည်တွေပေါက်ဖွားရာဒေသလို့လည်း ပြောတယ်။
တိုင်းရင်းသားတွေရဲ့စကားအရတော့ Amassona
အဓိပ္ပာယ်က “လှေတို့ကိုဇီဝိန်ချွေသူ” (boat destroyer)
မစ္စက်စပီ
ဌာနေ လူနီရိုင်းတွေရဲ့ ဘာသာစကားအရ Misi Sipi
အဓိပ္ပာယ်က “မဟာအာပေါ” (big water)
နိုင်းလ်
ကမ္ဘာ့အရှည်လျားဆုံးမြစ်။ ဂရိလို Neilos ၊ လက်တင်လို Nilus
အဓိပ္ပာယ်က မြစ်ဝှမ်းလွင်ပြင်၊ လူ့ယဉ်ကျေးမှုများရဲ့ သမိုင်းအစ
ဂင်္ဂါ
ဟိမ၀န္တာတောင်စောင့်နတ်၏ သမီးတော်။
ဟိန္ဒူနတ်ဘုရားမတစ်ပါးရဲ့ အမည်။
(သူရဿတီမြစ် စီးဝင်ရာ…)
ယန်စီ
အာရှမှာ အရှည်လျားဆုံးမြစ်။
တိဘက်မှာ “ကောင်းကင်ဘုံသို့သွားရာမြစ်”
တရုတ်မှာ “ရွှေသဲဝါမြစ်” (Golden Sand River) အမည်ရခဲ့တဲ့မြစ်
မော်စီတုံး ကဗျာရေးခဲ့တဲ့မြစ်။
မဲခေါင်
ကမ္ဘောဒီးယားမှာ Mekong
တိဘက်မှာ Dzu-chu
တရုတ်မှာ Liancang Jiang
ထိုင်းမှာ Mae Nab Khon
ဗီယက်နမ်မှာ Song Tien Giang
ခမာနီတွေကြောင့် သွေးစွန်းခဲ့တဲ့ မြစ်။
ဧရာဝတီ
သင်္ကရိုက်ဘာသာစကားအရ Airavati
အဓိပ္ပာယ်က elephant river
ဆင်များ မှီတင်းနေထိုင်ရာ မြစ်။
သစ္စာနီ
Heart Beats
ရည်းစားစကားပြောတဲ့အခါ ချစ်နေတဲ့သူကို နှလုံးခုန်တိုင်း သတိရနေတယ် လို့  ပြောလေ့ရှိတယ်။ ကောင်မလေးကလည်း ကျေနပ်လို့ - ဘယ်သူမှ အကြိမ်အရေအတွက် ဘယ်လောက် သတိရနေလဲ လို့  ထပ်မေးသံမကြားမိဘူး။
အကယ်လို့ များ အမေးရှိခဲ့လျှင်-
နှလုံးခုန်သော အကြိမ်အရေအတွက်သည် ပျမ်းမျှအားဖြင့်-
  •  တစ်ရက်မှာ ၁၀၀,၀၀၀  
  •  တစ်နှစ်မှာ ၃၅,၀၀၀,၀၀၀
သင့်ချစ်သူကို ဘယ်လောက် သတိရနေကြောင်း အတိအကျ အချက်အလက်နှင့်တကွ ဖြေဆိုလို့ ရပါပြီ။
Your heart beats about 100,000 times in one day and about 35 million times in a year. During an average lifetime, the human heart will beat more than 2.5 billion times.
အလုပ် Interview မှာ ရှောင်ရန်
အလုပ် Interview မှာ ရှောင်ရမယ့် အချက်များ
  • နာက်ပြောင်သော စကားများကို ပြောခြင်း။ ရီစရာ ပုံပြင်များပြောခြင်း။
  • ရှေးဟောင်းနှောင်းဖြစ် အတွေ့ အကြုံများကို ရှည်လျားစွာဖွဲ့ နွဲ့ ပြောခြင်း။
  • အ၀တ်အစားများ မသပ်ရပ်ခြင်း။
  • ကိုယ်ရေးကိုယ်တာများ ပြောခြင်း။
  • မိမိ ကို interview နေသူ လုပ်တဲ့ အမူအရာအတိုင်း လိုက်လုပ်ခြင်း။
  • မရပ်မနား စကားပြောနေခြင်း။
အချိန်ရဲ့တန်ဖိုး
တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။
တစ်လရဲ့ တန်ဖိုးကို သိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။
တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။
တစ်နေ့ရဲ့ တန်ဖိုးကို သိချင်ရင်
ကလေးခြောက်ယောက်ကို ကျွေးမွေးရတဲ့
နေ့စားအလုပ်သမားကို မေးကြည့်ပါ။
တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်
ဆုံစည်းခွင့်ကို စောင့်နေကြတဲ့
ချစ်သူများကို မေးကြည့်ပါ။
တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။
တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့
ဒရိုင်ဘာကို မေးကြည့်ပါ။
တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ…………………။
(ကျော်ဝင်း)