အပိုင်း (၁) ကိုဖတ်လို လျှင်
ကျွန်တော် နေ၇မည့်နေရာက Condominium တစ်ခုပါ။ ၀င်းအတွင်းမှာက အဆောက်အဦးတွေအများကြီး။ ကျွန်တော်နဲ့  အတူနေမယ့်တဲ့သူတွေက - ယုယုနဲ့  ၀င်းထက်အောင်။ ပြီးတော့ အင်ဒိုနီးရှားက ကျောင်းသား နှစ်ယောက်။
Taxi က ကျွန်တော်ပေးသော လိပ်စာမှာပါတဲ့ အဆောက်အဦးရှေ့ မှာ ရပ်ပေးထားခဲ့သည်။ အထုပ်တွေနဲ့ ကျွန်တော် ယောင်ချာချာဖြစ်နေပြန်ပြီ။ ကျွန်တော်မှာ ဆက်သွယ်စရာ ဖုန်းကမရှိ။ ဘေးနားမှာ မေးမြန်းစရာ တစ်ဦးတစ်ယောက်မှ မရှိ။ အထုပ်တွေကိုဆွဲ – ဟိုဒီသွားကြည့်ရင်းမှ အများသုံးတယ်လီဖုန်းကို တွေ့ လိုက်ရသည်။ လေဆိပ်မှာ ပိုက်ဆံလဲထားခဲ့၍ ကျွန်တော် အဆင်ပြေသွားခဲ့သည်။ ကျွန်တော်ကို လေဆိပ်မှာကတည်းက ပိုက်ဆံလဲခဲ့ဖို့ - လဲသည့်အခါ အကြွေပါလဲထားဖို့ ပြောထားသည့် ယုယု ကို ကျေးဇူးတင်လိုက်မိသည်။ အကြွေသာမပါခဲ့လျှင် -အများသုံးတယ်လီဖုန်းရှေ့ မှာ လာသမျှလူဆီက အကြွေလေးများပါလျှင် ပြား၂၀လောက်ပေးခဲ့ပါလို့  -ပြောရဦးမည်။ ဒါကြောင့် ဘ၀ တစ်ခုကို စတော့မယ်ဆို အစစ အရာရာ ပြင်ဆင်ထားပါမှ -
Read more…
လူ့ သက်တမ်းတစ်ခုမှာ ဘ၀တွေ အကြိမ်ကြိမ်စခဲ့ရပါတယ်။
ကလေး ဘ၀။ မူလတန်း -အထက်တန်း ကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀၊ အလုပ်သင်ဘ၀၊ အလုပ်သမားဘ၀ စသည်ဖြင့် ကျွန်တော်စခဲ့တဲ့ ဘ၀တွေ တစ်ခုမကတော့ပါဘူး။
Read more…
ဇော်ဂျီနဲ့  ကျွန်တော် စခန်းသွားနေတာနှစ်အတော်ကြာခဲ့ပါပြီ။ ဇော်ဂျီကို အသုံးပြုတာ အတော်ကို အဆင်ပြေပါတယ်။ လွယ်ကူတယ်။ မြင်ရတာ လှပတယ်။ အခမဲ့ လည်းပေးတယ်။ ဒီတော့ နေရာအတော်များများ (Windows, Linux, Mac , iPhone, Windows Mobile) မှာ ဇော်ဂျီကိုတွေ့ နိုင်၊ မြင်နိုင်၊အသုံးပြုနိုင်ပါတယ်။ နောက်ပိုင်းမှာ နည်းပညာဆိုင်ရာ ချွက်ယွင်းချက်ရှိတယ်ဆို ထောက်ပြတာတွေရှိနေပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေကတော့ တိုးတိုးလာနေတာပါပဲ။
ဇော်ဂျီကို သုံးစွဲတဲ့အခါ -စာလုံးတွေသိမ်းထားတာ သက်မှတ်ထားတဲ့ Unicode နဲ့ မဟုတ်တော့ နောက်ပိုင်းမှာ ပြဿနာရှိလာနိုင်တယ်လို့  တတ်သိနားလည်တဲ့သူတွေက ထောက်ပြတာလည်း တိုးတိုးလာပါတယ်။ ကျွန်တော်လေ့လာကြည့်တော့ -
Read more…
အခုရက်ပိုင်းမှာ http://www.temasekreview.com/ ရဲ့ဆောင်းပါး သည် စင်္ကာပူနိုင်ငံသားတွေနဲ့  မြန်မာတွေ အငြင်းအခုံဖြစ်အောင် တွန်းအားပေးနေပါတယ်။
သေချာလေ့လာကြည့်ရင် -
- ဒီ blog သည် အတိုက်အခံပါတီရဲ့ လက်ရှိ အာဏာရပါတီကို တိုက်ခိုက်နေတဲ့နေရာပါ။
- သူတို့ နိုင်ငံရေးပြဿနာ အရှုပ်အထွေးမှာ မြန်မာတွေ မြေဇာပင်မဖြစ်စေလိုပါ။ ။
Read more…
သူငယ်ချင်းတစ်ယောက် စင်္ကာပူကို လာမည်ဆိုလို နာမည်ကျော် Changi Airport ကို ရထားစီးပြီးထွက်လာခဲ့တယ်။
သူငယ်ချင်းကပြောထားတာက Silk Air နဲ့  ရန်ကုန်က 10:30 မှာထွက်လာမယ်။ စင်္ကာပူကို 2:30 လောက် Terminal 2 ကိုဆိုက်ရောက်မယ်တဲ့ ။
ရုံးကနေ နေ့ တ၀က်ခွင့်ယူပြီး ကမန်းကတန်းထွက်လာခဲ့ရတယ်။ MRT ရထား စီးရင်း Juron East ကနေ လေဆိပ်ကို ၁ နာရီ ခွဲလောက်ကြာမယ် စိတ်ထဲမှာမှန်းဆပြီး 12:45 မှာ Juron East MRT ကနေ ထွက်လာခဲ့တယ်။
တကယ်တမ်းကျတော့ မှာ Juron East MRT ကနေ Changi Ariport ကို 52 မိနစ် တိတိပဲ ကြာတယ်။ ရထားထဲက ထွက်ထွက်ချင်း လေယာဉ်ပျံ အချိန်စာရင်းတွေ ဖော်ပြထားတဲ့ Electronic Display Board ကို ချက်ချင်း တွေ့ လိုက်ရတယ်။ ကျွန်တော် အရမ်းဝမ်းသာသွားတာပေါ့ – ကျွန်တော် သူငယ်ချင်းစီးလာတဲ့ လေယာဉ်ပျံ ဘယ်အချိန်ရောက်မလဲ။ ဘယ် Belt မှာ ပစ္စည်း ရွေးပြီး ။ဘယ်အပေါက်ကနေ ထွက်လာမှာလဲ -သိချင်လို့ ပါ။
တိုးတက်တဲ့ တိုင်းပြည်တွေမှာ အားကျ အတုယူဖို့ ကောင်းတာ လူတွေရဲ့အချိန်ကို တန်ဖိုးထားပြီး အတတ်နိုင်ဆုံး လွယ်ကူ အဆင်ပြေအောင် စီစဉ်ပေးထားတယ်။
Read more…
ကမ္ဘာပေါ်မှာ အမြင်ကတ်စရာ အကောင်းဆုံး အင်မီဂရေးရှင်းကို ရွေးပြပါ ဆိုရင် မလေးရှားကို ရွေးပြမိ ပါလိမ့်မယ်။ အလွန် အင်မတန် ရစ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ အလုပ်ကိစ္စနဲ့ မလေးရှားကို သွားရင် အလည်အပတ် ဗီဇာနဲ့ပဲ သွားလေ့ရှိပါတယ်။ Business ဗီဇာက လျှောက်ရတာ နည်းနည်း အလုပ်ရှုပ်လို့ပါ။ အဲဒါကို မတော်တဆများ White Card ထဲမှာ Business နဲ့ လာတယ်လို့ ယောင်ယမ်းပြီး ခြစ်လိုက်မိရင် ပြသနာ ရှာလို့ မပြီးတော့ပါဘူး။ အဲဒါတွင် မကသေးဘူး။ နေထိုင်မယ့် လိပ်စာ ကို အပြည့်အစုံ ရေးမထား ရင်လည်း ရစ်တတ်ပါတယ်။ တခါတလေ စက်အတွက် အပိုပစ္စည်းတွေ လက်က ကိုင်သွားမိရင်လည်း ပြသနာရှာတတ် ပါသေးတယ်။ ဂျဟိုးဘာရူး ဘက်ကနေ မလေးရှားကို ကားနဲ့ဝင်ရင် သိပ်ပြသနာ မရှိပေမယ့် ကွာလာလမ်ပူနဲ့ ပီနန် လေဆိပ်က အင်မီဂရေးရှင်း အရာရှိများကတော့ အလွန်ကို ဆိုးရွားပါတယ်။ မလေးရှား အင်မီဂရေးရှင်းက မြန်မာပတ်စ်ပို့စ် တွေ့တာနဲ့ ပြသနာရှာဖို့ပဲ စဉ်းစားနေကြသလားတော့ မသိပါ။
Read more…
ဒီတစ်ပါတ် ဓါတ်ပုံကိုတော့-

Searching a Job
Read more…
Recent Comments