All posts by freebird

အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါ့မယ်။

အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါ့မယ်။
ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။

ဒေါက်တာ ဦးထွန်းလွင် (မိုးလေ၀သ ပညာရှင်)

‘Save the Irrawaddy’ ဟောပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။
ဒေါက်တာဦးထွန်းလွင်ပြောခဲ့သော စကားကို ဆက်လေ့လာရအောင် -

အားလုံးသိကြတဲ့အတိုင်း နာဂစ်မုန်တိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်မှာဖြစ်ခဲ့တယ်။ လူပေါင်း ၁၃၈၀၀၀ သေတယ်လို့ နိုင်ငံတော် အစိုးရက ထုတ်ပြန်တယ်။ အသားတင် အရပ်ရပ် ပျက် စီးမှုတန်ဖိုး ၁၁ ဒသမ ၈ ထရီ လီယံရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ မှာ အသေအပျောက်အများဆုံး မုန်တိုင်းတွေ စာရင်းတင်ထားတဲ့အထဲမှာ နာဂစ်မုန်တိုင်း မတိုင်ခင်တုန်းက ကျွန်တော်တို့ အဲဒီစာရင်း နား ကပ်တောင် မကပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၈ နာဂစ်ဖြစ်တဲ့အခါ၊ လူ ၁၃၈၀၀၀ သေတဲ့အခါ နာဂစ်ဟာ နံပါတ် ၈ နေရာက ၀င်သွားပါ တယ်။

မုန်တိုင်းကြောင့် လူသေတာများတာတွေ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လည်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၀င်တဲ့မုန်တိုင်းမှာ မုန်တိုင်းဒီရေတက်နိုင်တယ်ဆိုတာ ဒေသခံတွေက သိကြပေမယ့် မုန်တိုင်းဒီရေက အန္တရာယ်ပေးနိုင် တယ်ဆိုတာ မသိခဲ့ကြပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ မလိမ္မာခဲ့ကြပါဘူး။

ဒီနေ့ နောက်ထပ် ပြဿနာ တစ်ရပ် တွေ့ပြန်ပြီ။ ဒါကတော့ ဧရာဝတီမြစ်။ မြစ်ကို ရေကာတာ ဆောက်မယ်။ ရေအားလျှပ်စစ်တွေ ထုတ်လုပ် ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ၀င်ငွေရဖို့ လုပ်မယ်။ ဒါတွေရဖို့အတွက် ဘယ်လိုပေးဆပ်နေရသလဲ ဆိုတာ ကျွန်တော် ပြောပြချင်ပါတယ်။

တရုတ်နိုင်ငံမှာ ကန့်ကွက်မှုတွေရှိတော့ ရေအားလျှပ်စစ်အတွက် နေရာသစ်ရှာတဲ့အခါမှာ မြန်မာနိုင်ငံ ကို တွေ့သွားတာပါ။

တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက်ခဲ့တဲ့မြစ် ဖြစ်ပါတယ်။ အခုဆို ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် ၁၀ ခုထဲမှာ ပါနေ ပါတယ်။
နောက်ဆိုရင် ၁၀ ခုကနေ ၁၁ ခုဖြစ်လာနိုင်ပါတယ်။အဲဒီတစ် ခုကတော့ ဧရာဝတီမြစ်ပါ။

မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်။

ဦးထွန်းလွင် ကို စမ်းချောင်းဂျာနယ်နှင့် ဧရာဝတီမြစ်ကိုချစ်သူများအားလုံးက ကျေးဇူးတင်ပါသည်။

ကျွန်တော်တို့  မျက်စိရှေ့ မှာတင် ကျွန်တော်တို့  မလိမ္မာခဲ့လို့ ၊ အမိုက်မှောင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ နာဂစ်မှာ လူပေါင်း သိန်းချီသေကြေ ပျက်စီးသွားခဲ့သည်။
အသိပညာရှင်တွေ၊ အတက်ပညာရှင် တွေ – မလိမ္မာခဲ့လို့ ၊ အမိုက်မှောင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ ပါ။

သေဆုံးသွားပြီးရင် ဘယ်အရာမှ၊ ဘယ်သူမှ ပြန်ရှင်မလာတော့ပါဘူး။
မသေဆုံးခင်မှာ မသေဆုံးနိုင်အောင် ကာကွယ်ရမှာ လူသားတို့ ၏ တာဝန်ပါပဲ။
တစ်လုပ်စားဖူး သူ့ ကျေးဇူးတဲ့။  မသေဆုံးခင်မှာ ကျေးဇူးဆပ်ဖို့  လိုအပ်နေပါပြီ။

စမ်းချောင်းဂျာနယ်

နေမညိုခင်

26 March 2011
Dear Ko Kyaw,

I’m sorry to inform you that your Aunty, Daw Nyo Nyo Hlaing has passed away this early morning 6:30 at Mandalay.

regards,
Wunna

ကျွန်တော်ဆီ ဒီ စာလေးရောက်တဲ့အချိန် -ကျွန်တော် ဒီစာကို ယုံကြည်ဖို့အတော်ခက်ခဲနေခဲ့တယ်။
လွန်ခဲ့သော အပါတ်က ရန်ကုန်က ကျွန်တော်တို့ ရဲ့အိမ်မှာ အဒေါ်ရှိနေခဲ့တယ်။ သူ့ ရဲ့ကျန်းမာရေး သက်သာ တိုးတက်လာတယ်လို့ ကျွန်တော်ကြားသိရတယ်။ ရန်ကုန်မှာပဲ ဆက်နေဖို့ ကျွန်တော်အပါအ၀င် အားလုံးက တိုက်တွန်းနေခဲ့တယ်။ ဒါပေမယ့် မ န္တလေးက ပြလက်စ ဆေးရုံမှာ ဆေးစစ်ဖို့ ထွက်သွားခဲ့သည်။
နောက် ၃ ရက်အကြာမှာ ဒီစာကို ကျွန်တော်ရခဲ့တာပါ။

သေဆုံးခြင်းဆိုတာ ကျွန်တော်တို့ ခဏခဏ တွေ့ မြင်နေတာပါပဲ။ ဒီရက်ပိုင်းအတွင်းမှာပဲ ဂျပန်မှာ လူပေါင်းများစွာ သေဆုံးခဲ့သည်။ တာချီလိတ်မှာ မြေငလျင်လှုပ်တော့လည်း လူတွေ သေဆုံးတာပါပဲ။

သေဆုံးခြင်းဆိုတာ မထူးဆန်းပေမယ့်- ကျွန်တော်ကိုချစ်သော အဒေါ် သေဆုံးပြီ ဆိုတော့ လက်မခံချင်ပါ။
ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခု ပြုတ်ထွက်သွားသလို  – ဟာတာတာ ကြီး ဖြစ်နေခဲ့တာ အမှန်ပါပဲ။
Continue reading နေမညိုခင်

ကိုမောင်မောင် (အဉ္ဖလီမောင်မောင်)

“မြူးကြွတဲ့ တေးသံပျံလွင့်လို့နေ … ကူးပြောင်းစ တန်ခူးလေမှာ … တယောက်တလှည့်မို လှမ်းကာ ဖျန်းပက်ကြစဉ် … ပိတောက်ဖူး လေးတွေ ပန်ဆင်ထားသူရေ …” ဆိုတဲ့ စာသားလေးကို တွေ့လိုက်ရတော့ ဘာလိုလိုနဲ့ မကြာခင် သင်္ကြန်ကျတော့မယ် ဆိုတာ သတိထားမိတယ်။

ချစ်စရာကောင်းတဲ့ ပန်းပိတောက်နဲ့ မြူးကြွကြွ ရိုးရာသင်္ကြန်ကို လှပတဲ့ ရာသီဘွဲ့လေးဖြစ်အောင် ဖွဲ့ဆိုခဲ့တဲ့ ကိုမောင်မောင်ကတော့ သူချစ်တဲ့ဂီတ လောကကြီးကို စွန့်ခွာသွားတာ ၁၆ နှစ်ရှိပါပြီ။ သေသောသူ ကြာရင်မေ့ဆိုပေမယ့်လည်း သူဖန်တီးခဲ့တဲ့ ဂီတအပေါ်မှာ ယစ်မူးခဲ့ရတဲ့သူတွေ၊ မြတ်နိုးခဲ့ရတဲ့ သူတွေကတော့ မမေ့နိုင်သေးပါဘူး။

ဒါကြောင့်လည်း ရွက်ဟောင်းကြွေပြီး ရွက်သစ်တွေထိုးတဲ့ ဒီအချိန်ရောက်ပြီဆိုရင် အေးဆေးငြိမ်သက်ပြီး ဆည်းလည်းသံလေးတွေကိုသာ ကြားရတဲ့ ကိုမောင်မောင် နှစ်သက်ရာ စစ်ကိုင်းတောင်ရိုး မဟာသမယချောင်မှာ အထိမ်းအမှတ်ပွဲလေးတွေကို မပျက်မကွက် အမြဲ ကျင်းပတယ်လို့သိရတယ်။

ဒီနှစ်ကျင်းပတဲ့ အထိမ်းအမှတ် ပွဲလေးမှာလည်း ကိုမောင်မောင်ကို ချစ်တဲ့ လူငယ်တွေသာမကဘူး၊ သူချစ်တဲ့ သူငယ်ချင်း ကိုရဲလွင် တယောက်လည်း အလွမ်းပြေ လာရောက်ခဲ့တယ်လို့ ကိုမောင်မောင်နဲ့ ညီအစ်ကိုဝမ်းကွဲ တော်စပ်တဲ့ စာရေးဆရာ ညီပုလေးက ဆိုတယ်။

“ညီအစ်ကိုချင်း အနေနီးတော့လည်း ကိုမောင်မောင်ရဲ့ ဂီတပုံရိပ်ကို သတိမထားမိဘူး။ အထိန်းသိမ်းခံရပြီး နံရံနောက်ကို ရောက်သွားတော့မှ လူငယ်တွေက လွမ်းလွမ်းဆွတ်ဆွတ် တမ်းတမ်းတတ ပြောတော့ သတိထားမိသွားတယ်” လို့ ဆရာညီပုလေးက ဆို ပါတယ်။

ကိုမောင်မောင်ကို မြန်မာစာပေလောကမှာ အမေ လူထုဒေါ်အမာလို့ အများကခေါ်ဝေါ်တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ညီမ ဒေါ်ကြင်ကြင်က ၁၉၄၉ခုနှစ်မှာ မွေးခဲ့တာပါ၊ ငယ်စဉ်ကတည်းက စန္ဒယားပညာကို ဦးသိန်းမောင် ထံမှာ စနစ်တကျ သင်ယူခဲ့တဲ့အတွက် ကလပ်စစ်ကယ်လို့ ခေါ်တဲ့ အနောက်တိုင်း ဂန္ထ၀င်ဂီတကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တယ်လို့ သိရတယ်။

ငယ်စဉ်က မန္တလေးမြို့ရဲ့ ဂန္ထ၀င် မြို့မဂီတ၀ိုင်းမှာ တီးခတ်ခဲ့ပြီး ၁၉၆၈ ခုနှစ် စက်မှုတက္ကသိုလ် (RIT) မှာ တက်ရတော့ ၀ါသနာတူ ကိုရဲလွင်၊ ခင်မောင်တိုး၊ တင်မောင်လှိုင်တို့နဲ့ တွဲမိကာ အချောအလှတွေပေါတဲ့ တက္ကသိုလ်နယ်မြေက ညတွေမှာ အမျိုးသမီးဆောင်တွေရှေ့ ဂီတ၀ိုင်းဖွဲ့ခဲ့ကြတဲ့ ညတွေအကြောင်း သိရတော့ လွမ်းမောဖွယ်ပေါ့။

၁၉၈၀ ခုနှစ်တ၀ိုက်မှာတော့ လူငယ်တွေအကြား ရေပန်းစားခဲ့တဲ့ အဆိုတော် ခိုင်ထူးရဲ့ နာမည်ကြီး “အဉ္ဖလီ” ဆိုတဲ့ သီချင်းကြောင့်၊ အဉ္ဖလီမောင်မောင်ဆိုပြီး အမည်တပ်ရလောက်အောင် နာမည်ကြီးခဲ့တယ်။

ပြည်လမ်းက ခရမ်းပြာမှာနေရင်း ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုခင်မောင်တိုးတို့နဲ့ လူငယ်ထု အကြားမှာ မဇ္ဈိမလှိုင်းလို့ တမ်းတမ်းတတ ပြောရမယ့် တေးဂီတကို ဖွဲ့စည်းခဲ့ပြီး “မဟာဆန်သူ” တေးစီးရီးကို ထုတ်ဝေခဲ့ရာ လူငယ်တွေအကြား သြဇာသက်ရောက်ခဲ့တယ်။

၁၉၈၅ ခုနှစ်မှာ ထုတ်ခဲ့တဲ့ မဟာဆန်သူ စီးရီးကတော့ မြန်မာဂီတလောကမှာ ကိုယ်ပိုင်သံစဉ် တခေတ်ဆန်းတယ်လို့ ဆိုရပါမယ်။ ဒီသီချင်းခွေမှာ ဆည်လည်းရှိုက်သံလို လှပတဲ့ စာသားတွေကို ရေးဖွဲ့ခဲ့သလို ဒဏ္ဍာရီလို သီချင်းမျိုးကိုလည်း ကိုမောင်မောင် တီးခတ်ခဲ့ပါတယ်။

ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးတဲ့ သင်္ကြန်မိုး ရုပ်ရှင်အတွက် နာမည်ကျော် သင်္ကြန်မိုး သီချင်းကို ရေးဖွဲ့ခဲ့ပြီး သင်္ကြန်မိုးသီချင်းက ဆရာမြို့မငြိမ်းရဲ့ ရွှေမန်းမာလာ၊ မန်းတောင်ရိပ်ခို တို့လို သီချင်းတပုဒ်အဖြစ် သင်္ကြန်တိုင်း မရှိမဖြစ် သီချင်းဖြစ်ခဲ့တယ်။

၁၉၉၅ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ကိုမောင်မောင် (အဉ္ဖလီမောင်မောင်) တယောက် သူချစ်တဲ့ ဂီတလောကကို ကျောခိုင်း ခဲ့ရပါတယ်။

ကိုမောင်မောင် မရှိတော့ပေမယ့်လည်း သူရဲ့ သင်္ကြန်မိုးသီချင်းကတော့ ကူးပြောင်းစ တန်ခူးလေထဲမှာ ပျံလွင့်လာတော့မယ်။ သင်္ကြန်မိုးပြေးလေးတွေ ရွာပြီဆိုတာနဲ့ ပိတောက် တွေလည်း ပွင့်တော့မယ်၊ ခေါင်းလေးမော့ပြီး ပိတောက်ဖူးလေးတွေ ပန်ဆင် ထားတဲ့ သူ လေးတွေကိုလည်း တွေ့ရတော့မယ်။

ရန်ပိုင်၊ မတ် ၂၃၊ ၂၀၁၁

ဧရာဝတီ မဂ္ဂဇင်း၊
http://www.irrawaddyblog.com/2011/03/blog-post_7769.html

မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဘူး။

လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဘူး။

ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ
အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဘူး။

နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဘူး။

လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။

မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ် ကဗျာ

source: http://suuchitthu.blogspot.com/2010/10/blog-post_18.html

အနိုင်လိုချင်လား

ကျွန်တော် ဒီတစ်ပါတ်လုံး ကွန်ပျုတာအနဲ့  chess ထိုးနေခဲ့တယ်။
ပထမ Level 1, 2,3,4 အထိ ကျွန်တော် နိုင်လာခဲ့တယ်။
Level 5 ရောက်တဲ့အခါ ကျွန်တော် စတင်ရှုံးလာခဲ့တယ်။
မနေ့ ညက တညလုံး အနိုင်ရအောင် ကျွန်တော် ကစားတယ်။ လူသာပင်ပန်းနွယ်နယ်ပြီး ပျော့ခွေသွားတယ် ကျွန်တော် မနိုင်ခဲ့ပါဘူး။

ဒီ Chess ကစားပွဲမှာ ကျွန်တော် ဘာကြောင့် မနိုင်တာလဲ –

Chess ကစားပွဲကို လေ့လာကြည့်ရအောင် –
Chess ကစားတဲ့အခါ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကံတရား ဆိုတာ မရှိပါဘူး။
၂ ဖက်စလုံး တန်းတူ အခွင့်အရေး ရပါတယ်။

ဒီလောက် သန့် ရှင်းတဲ့ ကစားပွဲမှာ
ကျွန်တော် ဘာကြောင့်မနိုင်တာလဲ –
ကျွန်တော် ညံ့လို့ ပေါ့ ဆိုပြီး -ဒီမှာ ရပ်ထားလို့ မရပါဘူး။
ဒါ အပြစ်တင်ခြင်းသက်သက်ဖြစ်ပါတယ်။
ထိရောက်တဲ့ သုံးသပ်ချက်မဟုတ်ပါဘူး။
အရှုံးကနေ အနိုင်ရအောင် ဘယ်လို လုပ်ရမလဲ။

Continue reading အနိုင်လိုချင်လား

Sleeping with the Enemy

ဒီရုပ်ရှင်ကားကို ဒါရိုက်တာ ကိုအောင်မင်းသိမ်း ကဗီဒီယို ဇာတ်လမ်းအနေနဲ့ ပြန်ရိုက်ထားတာကို ကျွန်တော်ကြည့်ခဲ့တာ ၁၀ နှစ်ကျော်ပြီလို့ ထင်မိပါတယ်။
ကိုအောင်မင်းသိမ်းက ဒီဇာတ်ကားကို ဇော်ထူး။ မေသန်းနု နဲ့ ရိုက်ကူးခဲ့တာပါ။

ကိုအောင်မင်းသိမ်းရဲ့ ဒီဇာတ်ကားမှာ ဇော်ထူး သရုပ်ဆောင်တာ သူ့ ဇာတ်ရုပ်နဲ့  သူနဲ့  ကွက်တိ။ မေသန်းနုကလည်း သူ့ နေရာမှာ အကောင်းဆုံး သရုပ်ဆောင်သွားနိုင်လို့  ဒီဇာတ်ကားကို ကျွန်တော်သဘောကျခဲ့တာပါ။ ကိုအောင်မင်းသိမ်း ရဲ့ ဇာတ်ကားအမည်က – ဖန်အိမ်ထဲကငါး
Continue reading Sleeping with the Enemy

ကြောက်စရာ အကောင်းဆုံးအရာ

ဘယ်အရာဟာ ကြောက်စရာအကောင်းဆုံးလဲ –

.

..

သေခြင်းတရားလား။

အမုန်းတရားလား။

ကြောက်စရာ အကောင်းဆုံးအရာကတော့ – ကိုယ့်လုပ်ခဲ့တဲ့ ကိုယ့်အမှားပါပဲ။

ကိုယ့်အမှားကြောင့် ကိုယ် နောင်တ ရနေတာ၊
ကိုယ့်အမှားကြောင့် ကိုယ် ငိုကြွေး နေရတာ၊

KoKTH

iPhone vs Andriod

iPhone 4G ကလည်း ထွက်တော့ မယ်။
Android ဖုန်းတွေကလည်း အလားအလာရှိတယ်လို့  ပြောနေကြတယ်။
ဘာကို ရွေးချယ်ရမလဲ –

သူများ ယောင်လို့ လိုက်ယောင်တာထက် – မိမိ ကိုယ်တိုင် နားလည်ပြီးရွေးချယ်တာ အကောင်းဆုံးပါ။
အကောင်းဆုံးကို ရွေးချယ်နိုင်ဖို့  –

အသေးစိတ် ဖတ်လို လျှင် -

စင်္ကာပူက PC Show 2010

စင်္ကာပူက ဦးဦး၊ဒေါ်ဒေါ်၊ ကိုကို၊ မမ တို့ ဆီက နောက်ဆုံးထုတ် ကွန်ပျုတာ၊ ဖုန်း အစရှိတာတွေ မှာချင်ရင် – အခု PC Show 2010 စ နေပြီ  – 10 June မှ ၁၃ June အထိ ပဲနော်-

ပစ္စည်းကောင်း ဈေးချိုချိုနဲ့ ရောင်းတာနော် –

ဘာမှာ ရမှန်းမသိရင်၊ ဘာဝယ် ရမှန်းမသိရင် -

ပစ္စည်းများကို အုပ်စုအလိုက် စုစုစည်းစည်း ဖော်ပြထားပြီး၊ တခုချင်းစီအတွက် မှတ်ချက်လေးတွေပါ ရေးပေးထားပါသည်။ အသေအချာလေ့လာပြီးမှ ၀ယ်ချင်ရင်တော့ -ဒီမှာ အရင်လေ့လာပါ။
http://www.digitalone.com.sg/guides/article/12059

ဈေးနှုန်းတွေက နေ့ စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ နေ့ စဉ်ပြောင်းလဲနေသော ဈေးနှုန်းများကို လူတိုးမခံရဘဲ သိလိုလျှင်-
http://www.bootstrike.com/itfairsg/itshow2010/

ကဲ ဈေးနှုန်းလည်းသိပြီ။ ပစ္စည်းတွေ အကြောင်းလဲ သိပြီ။

ဝယ်လိုတာ ၀ယ်လို့ ရပြီ။
မှာလိုတာ မှာလို့ ရပြီ။

18316267123556

၅ ဂျွန် ၂၀၁၀

18316267123556 ဒီကိန်းဂဏန်းတွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပေးရန်ရှိသော အကြွေးပါပဲ။

United State ( အမေရိကန်ပြည့်ထောင်စု ) မှာ ပေးရန်ရှိသော အကြွးစုစုပေါင်း S$18,316,267,123,556 (S$18.3 trillion) ရှိနေပါပြီ။ ဒါဟာ အမေရိကန် ရာဇ၀င်မှာ အများဆုံးတင်တဲ့ အကြွေးစာရင်းပါပဲ။
ဒီအကြွေးပမာဏဟာ အမေရိကန်ပြည်ထောင်စုရဲ့ 90 % annual GDP  ဖြစ်ပါတယ်။

Mr George W. Bush အုပ်ချုပ်ခဲ့သော ၈ နှစ်တာ ကာလအတွင်းတွင် တင်သောအကြွေး US$4.9 trillion .
2009 January မှတာဝန်ယူခဲ့သော Mr. Barack Obama အုပ်ချူပ်မှုကာတွင် တင်သောအကြွေး US$2.4 trillion.

အခုတော့ Mr. Obama က ကော်မတီတစ်ခု ဖွဲပြီး ဒီအကြွေးကို ဘယ်လို ဆပ်ရမလဲ နည်းလမ်း ရှာဖွေနေပါပြီ။ 2010 နှစ်အကုန်မှာတော့ အကြွေးဆပ်ရန် နည်းလမ်းကောင်းတွေ ရလိမ့်မယ်လို့  အားလုံးက မျှော်လင့်ထားပါတယ်။